ဒေတာများနှင့် ရွေ့ပြောင်းခြင်း

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

ဒီအချိန်မှာ နယ်မြေသစ်ကိုရွှေ့ပြောင်းဖို့ ပြင်ဆင်ရာမှာ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပက်သက်ပြီး လုပ်ဆောင်ထားသင့်ပါတယ်။
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သောပြင်ဆင်ချက်များမှာ
ကိုယ်နဲ့တစ်ပါတည်းယူဆောင်သွားမယ့် စက်ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ကွန်ပျူတာ၊ တပ်ပလက်စတာတွေကို စာရင်းပြုလုပ်ပါ။
ယူဆောင်သွားမယ့် စက်ပစ္စည်းတွေအတွင်း ရှိသော အချက်အလက်များအား ဆန်းစစ်ပါ။
အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာရာမှာ ကိုယ်ရေးကိုယ်တာအချက်အလက်များနဲ့ ထိရှလွယ်သော အချက်အလက်များခွဲပါ။
အလွန်ကိုယ်ရေးကိုယ်တာဆန်တဲ့ အချက်အလက်တွေကိုဂရုစိုက်ပါ။ ထိရှလွယ်တဲ့ အချက်အလက်များကိုလည်း မိမိနဲ့အတူ ယူဆောင်ခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရန်အချက်များ
အချက်အလက်များကို Cloud Storage တစ်ခုခုမှာ စုဆောင်းသိမ်းဆည်းပါ။ ကိုယ်ရေးကိုယ်တာ အကောင့်ကိုလည်း လုံခြုံတဲ့နေရာရောက်မှ ပြန်လည်ဝင်ရောက်နိုင်အောင် အကောင့်အချက်အလက်တွေကို အသုံးပြုထားတဲ့ ဆင်းကဒ်၊ registration code or lock and recovery code တွေကို သေချာမှတ်မိဖို့လိုအပ်ပြီး လုံခြုံစွာသိမ်းဆည်းသွားသင့်ပါတယ်။
ဒေတာများသိမ်းဆည်းခြင်းပြီးပါက အကောင့်များကို Sign out or Remove Account လုပ်ပါ။ အကောင့်ဝင်ရောက်အသုံးပြုတဲ့ Browser and Youtube ကိုလည်း Cookie and Cache တွေကိုလည်းရှင်းလင်းပါ။ Browser and Youtube မှာ မထိရှလွယ်သော အကြောင်းအရာများကို ရှာဖွေဖန်တီးတာမျိုးလည်းလုပ်ထားနိုင်ပါတယ်။
ဖုန်းအတွင်းမှာရှိဆို Gallery၊ File Manager ၊ Chat တို့ကိုလည်း ရှင်းလင်းပါ။ ဖျက်စီးလိုက်တဲ့ ဒေတာတွေက ရက် ၃၀ သိမ်းဆည်းတက်လို့ Recycle Bin ထဲထိ တစ်ခါတည်းဖျက်ပစ်ပါ။
Trash or Bin တို့ထဲက ပြန်လည် recover မလုပ်နိုင်အောင် ဖျက်ပစ်သင့်ပါတယ်။ ကွန်ပျုတာဆိုရင် File Explorer ၊ Finder နဲ့ တခြားသော ကိုယ်အချက်အလက် သိမ်းဆည်းထားတဲ့ နေရာတွေကိုစစ်ဆေးပြီး ဖျက်ဆီးသင့်တာများကိုရှင်းလင်းဖျက်ဆီးပေးပါ။
ပြန်လည်ဆယ်ယူလို့မရအောင်အထိ ဖျက်ဖို့လိုတယ်ဆိုရင် Shreddit , File Eraser တို့လို File Shredder ကိုအသုံးပြုနိုင်ပါတယ်။
Chat History လိုချင်တယ်ဆိုရင် Chat တွေ ကို Backup လုပ်ထားနိုင်ပါတယ်။ Backup File ကိုလုံခြုံရာမှာသိမ်းဆည်းပြီး Application ကိုပါဖျက်သွားပါ။ လုံခြုံတဲ့နေရာရောက်မှ Backup File ကို Import ပြန်လုပ်ပြီး ဆက်လက်အသုံးပြုနိုင်ပါတယ်။
ပေါ့ပေါ့ပါးပါး အသုံးပြုသောအကောင့်(ပုံရိပ်ယောင်) တစ်ခုခုကို ဝင်ရောက်အသုံးပြုထားနိုင်ပါတယ်။
မိမိနဲ့ တစ်ပါတည်းသယ်ဆောင်သွားမယ့် စက်ပစ္စည်းတွေကို ရှင်းလင်းရေးလုပ်ပြီးရင်တော့ အရေးပေါ်အခြေအနေကြုံရပါက လုပ်ဆောင်မယ့် အဆင့်တွေကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။
အရေးပေါ်အခြေအနေမှာ နေရာတစ်ခု မှ နယ်မြေသစ်များဆီသို့ ထွက်ခွာရာတွင် ဘယ်အခြေအနေမျိုးမှဆို ကြုံနိုင်တာကြောင့် ကိုယ်တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း တခြားသူများကို အသိပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီအတွက် ဆက်သွယ်ဖို့ရာ ဖန်တီးထားသင့်ပါတယ်။
အရေးပေါ်အခြေအနေမှာ ကိုယ်နဲ့အတူပါလာတဲ့ စက်ပစ္စည်းတွေကို အဝေးက လှမ်းရှင်းလင်းပေးစေချင်တာ၊ ကိုယ့်ရဲ့ အကောင့်ကို စစ်ဆေးခံရခြင်းမှ ကာကွယ်နိုင်အောင် အသိမိတ်ဆွေ သို့မဟုတ် မိသားစုကို မိမိအကောင့်အချက်အလက်ကို ကြိုတင်မျှဝေထားပေးပါ။
နောက်ပြီး Family Sharing or Family Safety or Find 360 Location တို့ကိုအသုံးပြုပြီး အသိမိတ်ဆွေ သို့မဟုတ် မိသားစုတို့နဲ့ ချိတ်ဆက်ပြီး မိမိတည်နေရာကိုရှယ်ပေးထားမယ်ဆိုရင် မိမိကို စောင့်ကြည့်နေတဲ့ မိသားစုဝင်က location ပျောက်သွားခဲ့သည်ရှိသော် လုပ်ဆောင်သင့်တာတွေ အချိန်မနောက်ကျဘဲ ဆက်လက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
location သိချင်လို့ ကြည့်တဲ့လူသာ internet connection လိုအပ်တာ ဖြစ်ပြီး အကြည့်ခံရတဲ့ လူကတော့ internet connection ရှိနေစရာ မလိုအပ်ပါဘူး။ သို့သော် တိကျတဲ့ နေရာကို သိနိုင်ဖို့ကတော့ internet connection အမြဲ ချိတ်ထားတာ အသင့်တော်ဆုံးဖြစ်ပါတယ်။ VPN ခံထားလို့လဲ location ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
အသုံးပြုသူတွေအနေနဲ့ လုံခြုံတဲ့နေရာကိုရောက်ပြီဆိုရင် privacy အရ ဆက်လက်အသုံးမပြုချင်တော့ဖူးဆိုရင် ကိုယ်မျှဝေပေးထားသော location sharing ကိုပိတ်တာဖြစ်စေ (stop using Family Share or remove) ပြန်လည်လုပ်ဆောင်ထားနိုင်ပါတယ်။
နယ်မြေသစ်ကိုရွှေ့ပြောင်းဖို ပြင်ဆင်ရာမှာ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပက်သက်တဲ့ မှာတမ်းလေးတွေ မှာလိုက်ချင်ပါတယ်..
တစ်နေရာကနေ တစ်နေရာကိုရွှေ့တဲ့ အခါ အခြေအနေတိုင်းကို သတိပြုပါ။
လုံခြုံရေးကို ဂရုစိုက်ပါ။
ဒေတာတွေအတွက် သေချာလေးပြင်ဆင်ပြီးမှ ခရီးစဉ်တစ်ခုကို စတင်ပါ။
အားလုံးပဲ လုံခြုံကြပါစေလို..မျှော်လင့်ရင်း...
Ref&cc:springsecurity #digitalsecinfo