Skip to main content

Command Palette

Search for a command to run...

Cloud Security

Updated
2 min read
Cloud Security

ယခုအချိန်မှာ လူတိုင်းရဲ့ ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေကို မသမာသူတွေက စိတ်ကြိုက်ယူစစ်နေကြတော့ တော်တော်များများက ကိုယ့်ရဲ့ဖုန်းတွေ ကွန်ပျူတာတွေထဲရှိ ထိရှလွယ်သော အချက်အလက်တွေ အတွက် စိုးရိမ်ရေအမှတ် ရောက်နေကြမှာပါ။

ကိုယ်ရဲ့ ဒေတာ အချက်အလက်တွေကို ဘယ်လို သိမ်းမလဲဆိုတာလေးကို စတင်စဉ်းစားကြည့်ရအောင်ပါ။

ကိုယ်ရဲ့ ထိရှလွယ်သော ဒေတာတွေနဲ့ အတူရှိနေတာက အတိုင်းအတာ တစ်ခုအထိ အန္တာရယ်ရှိနေပါတယ်။ ဒေတာတွေကို Online and Offline Storage မှာ ဘယ်လို သိမ်းဆည်းကြမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

လူအများစုက ဒေတာတွေကို ဘယ်လိုသိမ်းကြလဲ?

  • Offline Storage မှာ Data သိမ်းဆည်းခြင်း

Data အချက်အလက်ဆိုတဲ့နေရာမှာ ဓာတ်ပုံ အသံဖိုင် ဗီဒီယိုဖိုင်တွေအပြင် အခြားသော Software ဖိုင်အပါအဝင် Word,PDF,PowerPoint,Excel ဖိုင်အမျိုးအစားတွေလည်းပါဝင်ပါတယ်။

လူအများစုရဲ့ Data တွေကို Offline Storage မှာ သိမ်းထားလေ့ရှိပါတယ်။ Offline မှာ သိမ်းဆည်းခြင်းဆိုတာ အင်တာနက်နဲ့ ချိတ်ဆက်စရာမလိုပဲ မိမိရဲ့ ဖုန်းတွေ ကွန်ပျူတာတွေ ဒါမှ မဟုတ် Hard Disk လို နေရာမျိုးတွေမှာ သိမ်းဆည်းကို ဆိုလိုပါတယ်။

Offline သိမ်းဆည်းခြင်းရဲ့ လုံခြုံမှုကို တိုင်းတာတဲ့အခါ ကွန်ပျူတာတွေ ဖုန်းတွေမှာ Password ခံထားရဲ့လား ၊ ခံထားရင်ရော လုံခြုံအားကောင်းရဲ့လား? Hard Disk တွေမှာရော password ခံထားရဲ့လား? အထဲက ဖိုင်တွေကို ဖြည်ကြည့်လို့ မရအောင် ဝှက်စာစနစ်ပါတဲ့ (Encrypt) လုပ်ထားရဲ့လား? မှုတည်ပြီးမှ လုံခြုံရေးကို တိုင်းတာနိုင်ပါတယ်။

  • Offline Storage တွင် သတိထားသင့်သော အချက်များ

အရေးကြီးတဲ့ သို့ ထိလွယ်ရှလွယ်သော အချက်အလက်တွေဟာ မိမိရဲ့ဖုန်း၊ ကွန်ပျူတာ၊ Hard Disk ထဲမှာ Encryption (ဝှက်စာစနစ်) မပါပဲ ရှိမနေသင့်ပါ။သင်က Offline Data / Offline Storage အသုံးပြုသူတစ်ယောကါဆိုပါက အောက်ပါ အချက်များကို သတိထားသင့်ပါသည်။

ပထမ ဆွေးနွေးထားနဲ့ အချက်အလက် တစ်ခုမှ မလုပ်ထားမိပဲ Offline Storage မှာ သိမ်းထားမိတယ်ဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိ အန္တာရယ်ရှိနေတာကို သတိပြုမိဖို့ လိုအပ်ပါတယ်။

မိမိအနေဖြင့် Offline မှာ ဒေတာသိမ်းချင်တယ်ဆိုရင် Encryption ပါတဲ့ app ကိုလည်းသုံးချင်တယ်ဆိုရင် Offline Storage အတွက် Bitlocker, Veracrypt, Datshin, MM Reporter စတဲ့ App တွေကို သုံးသင့်ပါတယ်။

  • Online Storage မှာ ဒေတာ သိမ်းဆည်းခြင်း

အင်တာနက်အသုံးပြု၍ အွန်လိုင်းပေါ်တွက် အချက်အလက်သိမ်းဆည်းခြင်းဖြစ်ပါတယ်။ Online ပေါ်မှာ သိမ်းဆည်းနိုင်ရန် အချို့သော Platform များသည် သူ့ platform နဲ့ ချိတ်ဆက်နိုင်ရန် အကောင့်တစ်ခုလိုအပ်ပါသည်။

ဥပမာ - Google Drive ကို အသုံးပြုနိုင်ရန် Gmail အကောင့်တစ်ခုတော့ ရှိရမည်ဖြစ်သည်။

အသုံးပြုနိုင်သော Cloud Storage များမှာ

Mega - Mega ကို အသုံးပြုရန်အတွက် Mega အကောင့်ရှိရန်လိုအပ်သည်။ အကောင့်ဖွင့်ပြီးတာနဲ့ 20GB ကို အခမဲ့သုံးနိုင်ပါသည်။

Tera Box - Tera box ကို အသုံးပြုရန်အတွက် Gmial အကောင့်တစ်ခုသာလိုအပ်ပါသည်။

အကောင့်နှင့် ချိတ်ဆက်ပြီး 1TB ကို အခမဲ့ အသုံးပြုနိုင်ပါသည်။

Tresorit - Tresorit က လုံခြုံရေး အားကောင်းသော Cloud Storage တစ်ခုဖြစ်သည်။သူသည်လည်း Gmail အကောင့်နှင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Free Version မှာတော့ 3GB ပဲပေးထားတော့ တော်တော်နည်းတဲ့ ပမာဏဖြစ်တဲ့အတွက် ဝယ်ယူအသုံးပြုမှ အဆင်ပြေနိုင်ပြီး free version မှာ တစ်ချို့သော feature တွေကို အစုံအလင်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

Google Drive - Google Drive ကတော့ အားလုံးနဲ့ ရင်းနှင်းပြီးသား platform တစ်ခုဖြစ်ပါတယ်။ Gmail အကောင့်တစ်ခုရှိရုံနဲ့ အသုံးပြုနိုင်ပြီး free version မှာတော့ 15GB ရမှာဖြစ်ပါတယ်။

Covid 19 စကတည်းက WFH လုပ်လာကြတဲ့အတွက် အများစုက Drive လိုမျိုး Cloud Storage ကို ရင်းနှီးနေကြပါပြီ။ Drive ပေါ်မှာ မိမိနှင့် သက်ဆိုင်သော အချက်အလက်များကို Drive ပေါ်တင်ပြီး အလုပ်လုပ်ရုံသာမက ကိုယ့်နှင့် တွဲဖက် အလုပ်လုပ်မည့် လုပ်ဆောင်ဖက်များကိုလည်း အတူတကွ အလုပ်လုပ်နိုင်ရန်အတွက် Access များ Permission များ မျှဝေပေးထားလျက်ရှိသည်။

Cloud Storage တွေကို အသုံးပြုတဲ့ အခါ သတိထားရမည့် အချက်များရှိပါတယ်။ Cloud Storage တွင် ချိတ်ဆက်ထားသော Gmail အကောင့်၏ လုံခြုံရေးသည် အင်မတန်မှ အရေးကြီးပါသည်။ မိမိအကောင့်၏ လုံခြုံရေးစည်း ကျိုးပေါက်သွားပါက Drive ပေါ်တွင်ရှိသော အရေးကြီး အချက်အလက်များကို မသမာသူက ရရှိသွားမှာဖြစ်ပါတယ်။

  1. Gmail အကောင့်တွင် လုံခြုံအားကောင်းသော Password တွေထားပါ။

  2. Gmail အကောင့်ကို နှစ်ဆင့်ခံလုံခြုံရေး တိုးမြှင့် အသုံးပြုပါ။

  3. တစ်စုံ တစ်ယောက် မိမိအကောင့်သို့ ဝင်ရောက်နေသည်ဟု သံသယရှိပါက password ချက်ချင်းပြောင်းပစ်ရန် လိုအပ်ပါသည်။

  4. မလိုအပ်ပါက ဖိုင်များကို ကိုင်တွယ်ခွင့် (Access/Permission) များကို သတိပြုဖို့လိုအပ်ပါသည်။

  5. ၎င်း Gmail အကောင့်ကို တခြားသော Social Media အကောင့်များဖြင့် မချိတ်ဆက်ထားပဲ လုံခြုံရေး တိုးမြှင့်ပါ။

  • Cloud Storage အသုံးပြုရခြင်း၏ အားသာချက်များ

Cloud Storage အသုံးပြုရခြင်းအားဖြင့် အားသာချက်များရှိပါသည်။

  1. အကောင့် password ရှိရုံဖြင့် နေရာတိုင်းက မိမိတင်ထားသော ဖိုင်များ အချက်အလက်များကို သုံးနိုင်ခြင်း။

  2. နေရာမရွေးဖိုင်များကို ပြင်နိုင်ခြင်း။

  3. မိမိမိတ်ဆွေများနှင့် အလွယ်တကူ အချက်အလက် မျှဝေနိုင်ခြင်း။

  4. ဖုန်းပျောက်/ပျက် ကွန်ပျုတာပျောက်/ပျက် သွားပါကလည်း ဖိုင်များအား ပြန်လည်ရရှိနိုင်ခြင်းကြောင့် backup အနေဖြင့် သုံးနိုင်ခြင်း။

    စသည့် အားသာချက်များရှိသလို

ယခုလက်ရှိတော်လှန်ရေး အခင်းအကျင်းတွင်လည်း ထိရှလွယ်သော အချက်အလက်များကို Cloud Storage တွင် တင်ထားခြင်းဖြင့် အတိုင်းအတာ တစ်ခုထိလုံခြုံနိုင်ပါသည်။ သို့ပေသော်ငြားလည်း အကောင့်လုံခြုံမှ Cloud Storage လုံခြုံမည်ဖြစ်သောကြောင့် မိမိအကောင့်လုံခြုံရေး အားကောင်းမြှင့်တင်ရန် မလွဲမသွေ လုပ်ရမည့် အချက်ဖြစ်ပါသည်။

( Cloud Storage အသုံးပြုသူများအနေဖြင့် account security လုံခြုံရေးကို အထူးဂရုပြုပြီး နှစ်ဆင့်ခံလုံခြုံရေး မဖြစ်မနေထားဖို့ လိုအပ်ပါသည်။ Cloud လုံခြုံရေးနှင့် account လုံခြုံရေးသည် တိုက်ရိုက်အချိုးကျပါသည်)

Spring Revolution Security

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်