ဘာပဲလုပ်လုပ် Chrome မသိစေဖို့။

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
ဘာပဲလုပ်လုပ် Chrome မသိစေဖို့ Incognito Window ကို သုံးကြမယ်။ Browse လုပ်မည့် အကြောင်းအရာ၊ ဝက်ဆိုဒ်များ၊ လုပ်ဆောင်ချက်များ၊ သင်ထည့်လိုက်မည့် အချက် အလက်များ ကို Chrome အား မှတ်မထားစေချင်ဘူးဆိုရင်၊ သင်လုပ်သမျှကို Chrome ကို မသိစေချင်ဘူးဆိုရင်၊ သို့မဟုတ် သင်ဝင်ကြည့်မည့် ဝက်ဆိုဒ်များက သင်အချက်အလက်တွေကို ထောက်လှမ်းမည့် cookies များကို အလိုမရှိဘူးဆိုပါက Chrome မှာ Private Browsing Experience ကို ရစေမည့် Incognito Mode ကို အသုံးပြုနိုင်ပါသည်။
ကွန်ပြူတာတွင် –
၁။ Chrome ကို ဖွင့်ပါ။
၂။ အပေါ်ညာထောင့်တွင် More > New Incognito Window ကို နှိပ်ပါ။
၃။ Window အသစ်တစ်ခု ပေါ်လာမှာ ဖြစ်ပြီး အပေါ်ထောင့်နားမှာ Incognito Icon ပေါ်မပေါ်ဆိုတာကို စစ်ဆေးပါ။
Keyboard Shortcut တစ်ခုကို အသုံးပြုပြီးတော့လဲ Incognito Window ကို ဖွင့်နိုင်သည်။
– Window, Linux သို့ Chrome OS တွေမှာ – Ctrl + Shift + n
– Mac OS တွင် ⌘ + Shift + n ကို နှိပ်ပါ။
ncognito Windows နှင့် ပုံမှန် Chrome WIndows များကြား သင်ပြောင်းလဲ အသုံးပြုနိုင်သည်။ Incognito Window ကို သုံးနေစဉ်မှာတော့ သင်သည် Priviate Browsing ကို ရရှိမှာ ဖြစ်ပါတယ်။
#digitalsecinfo






