Brave browser

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Brave browser ကို သုံးကြဖို့ အချိန်တန်ပါပြီ။
JavaScript ကို တီထွင်ခဲ့တဲ့ Brendan Eich ဦးဆောင်ဖန်တီးထားတဲ့ Brave Browser ပေါ်တာတော့ ကြာပါပြီ။ အခြေခံအားဖြင့် Google Chrome ရဲ့ Open Source version ဖြစ်တဲ့ Chromium ကို အခြေခံထားပြီး ကြော်ငြာတွေကို Block လုပ်တဲ့ Ads Blocker Build-in ပါတဲ့ Browser တစ်ခုပါ။
ဆိုလိုတာက Chrome နဲ့ တူညီတဲ့ User Experience ကို ပိုကောင်းတဲ့ Privacy နဲ့ ရမယ်ဆိုပါတော့။ လက်တွေ့မှာ Brave Browser က ဒီထက်အများကြီး ပိုပါတယ်။ တစ်ခြား Browser တွေမှာ Private Browsing (incognito) Mode လောက်ပဲ ပါတာ။ သူ့မှာက Private Browsing ကို Tor နဲ့ တစ်ခါတည်း လာတာပါ။
Private Browsing နဲ့ အင်တာနက် သုံးလိုက်ရင် ကိုယ်ဘာသုံးလဲ လူမသိတော့ဘူးလို့ တစ်ချို့က ထင်ကြတာ။ တစ်ကယ်တော့ Private Browsing က Browser History မကျန်တာလောက်ပဲ ရှိတာ။ ကိုယ်ဘာတွေ သုံးနေလဲ ဆိုတာကိုလည်း ISP ကသိတယ်၊ ကိုယ်ဘယ်သူလဲ ဘယ်ကလဲ ဆိုတာကိုလည်း သက်ဆိုင်ရာ Website က သိတယ်။ ဘာမှ ဒီလောက်ကြီးထူးပြီး Private ဖြစ်သွားတာ မဟုတ်ဘူး။ တစ်ကယ် Private စစ်စစ် ဖြစ်ချင်ရင် VPN တွေ သုံးမှပဲ ရမယ်။ Brave မှာတော့ Private Browsing ကိုမှ Tor နဲ့ လာတဲ့အတွက် တစ်ခါတည်း ပြီးသွားရော။
ဒါတင်မက Reward တွေပါ ရသေးတယ်။ လိုရင်းပြောရရင် Facebook တို့ Youtube တို့ ကြည့်ရင် ကြော်ငြာတွေပါ ကြည့်ရတယ် မဟုတ်လား။ သူ့ Website သုံးချင်တော့ သူ့ကြော်ငြာတွေ မကြည့်ချင်လည်း ကြည့်ရတာပေါ့။ Brave မှာက ကြော်ငြာတွေ ကြည့်ရင် Reward ရတယ်။ ရတဲ့ Reward ကိုသုံးပြီး ကိုယ်ကြိုက်တဲ့ Website ကို Tip ပေးလို့ရတယ်။ ဒီတော့ Website ပိုင်ရှင်တစ်ယောက်အနေနဲ့ ပိုက်ဆံရဖို့ ကြော်ငြာတွေ လှိမ့်ပြနေစရာ မလိုတော့ဘူး၊ Tip တွေရမယ်ဆိုတဲ့ သဘောပါ။
အစောပိုင်းကတော့၊ ဟုတ်မှဟုတ်ပါ့မလား စောင့်ကြည့်နေပေမယ့် အခုတော့ လူပြောလည်း များလာပြီ၊ လူသုံးလည်း များလာပြီ။ စမ်းကြည့်တော့လည်း အဆင်ပြေတယ်။
ဒါကြောင့် Brave Browser ကို ပြောင်းပြီး စမ်းသုံးကြည့်ဖို့ အချိန်တန်ပြီလို့ အကြံပြု တိုက်တွန်းလိုက်ပါကြောင်း...
နောက်မှ Brave Browser ရဲ့ Setting ချိန်နည်းကိုသက်သက်ထပ်ရေးပေးပါမယ်။
#CCToEiMaung