Bitlocker - device encryption in windows

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
BitLocker ဆိုတာ ဘာမှ Download လုပ်စရာလည်း မလို၊ Install လုပ်စရာလည်း မလိုဘဲ Windows မှာအလိုအလျောက် ပါဝင်ပြီးသား Tool တစ်ခုပါ။
Drive တစ်ခုကို BitLocker နဲ့ Lock ချထားပြီးပြီဆိုတာနဲ့ သူ့ထဲက ဖိုင်တွေအားလုံးကို Encrypt လုပ်ပစ်လိုက်မှာဖြစ်လို့ ကောက်ရသွားသူ၊ ခိုးသွားသူက Password မသိဘဲ ဘာမှ လုပ်လို့ မရတော့ပါဘူး။
သတိထားစရာလေးတွေ ပြောပါ့မယ်။ Encrypt လုပ်နေစဉ်အတွင်းမှာ Pause မလုပ်ဘဲ Drive, Stickလုံးဝမဖြုတ်မိပါစေနဲ့။ အဲလို သွားဖြုတ်လိုက်ရင် အထဲက ဖိုင်အချို့ ပျက်တတ်ပါတယ်။လုံခြုံမှု ရှိသော်လည်း စတင် Encrypt လုပ်ချိန်မှာ GB အနည်းအများ ဖိုင်အနည်းအများပေါ် လိုက်ပြီး စက္ကန့်ပိုင်းကနေ နာရီပိုင်းအထိ ကြာနိင်ပါတယ်။
ဒါ့ကြောင့် ကိုယ် မသုံးဘဲ ခဏနားမည့် အချိန်မျိုးမှာ လုပ်သင့်ပါတယ်။ Encrypt လုပ်ပြီးအချိန်မှာ password မေ့သွားရင် သုံးလို့ရအောင် Recovery Key ဖိုင်လေး ထုတ်ပေးပါတယ်။ အဲဒါလေးကို တစ်နေရာရာမှာ သိမ်းထားဖို့ လိုပါတယ်, ဘောပင်နဲ့ကူးရေးပြီး သိမ်းထားလည်းရပါတယ်။
အဲဒါမှ ကိုယ် အကြောင်းကြောင်းကြောင့် မေ့သွားတဲ့အခါ အဲဒီကုဒ်တွေ ထည့်ပြီးဝင်လို့ ရမှာဖြစ်ပါတယ်။







Partition နှစ်ခုရှိသော လက်တော့မှ disk (D:) ကို bitlocker ပြုလုပ်ပုံအဆင့်ဆင့်ပါ၊
ထိုနည်းအတိုင်း disk (C:) ကိုလည်း bitlocker ပြုလုပ်ထားဖို့လိုအပ်ပါတယ်။
(မိမိ၏လက်တော့မှာ Partition နှစ်ခုမရှိပါက disk တစ်ခုတည်းသာမြင်ရမှာဖြစ်ပါတယ်)
"Bitlocker သုံးပြီး မိမိ drive or hdd or OTG ထဲရှိ data တွေလုံခြုံပါစေ"
#digitalsecinfo






