အင်တာနက်ဖြတ်တောက်ချိန်တွင်မှတ်တမ်းတင်ခြင်း။

လူ့အခွင့်အရေးချိုးဖောက်မှုကို မှတ်တမ်းတင်ခြင်းသည် အင်တာနက်ဖြတ်တောက်ထားသည့် အချိန်တွင် ယခင်အခါများထက်ပိုပြီးအရေးပါသည်။
သတင်းအချက်အလက်ကိုချက်ချင်းဝေမျှခွင့်မရသော်လည်းမှတ်တမ်းတင်ထားခြင်းသည်သက်ဆိုင်ရာအားဏာပိုင်များရေငုံနှုတ်ပိတ်ရန်ကြိုးစားမှုအားအသံဖြစ်စေခြင်းနှိပ်စက်ခြင်းများအားသက်သေအဖြစ်လုံခြုံစွာထားရှိပြီးနောင်တချိန်တွင်တာဝန်ယူမှုရှိရန်ပြန်လည်အသုံးချနိုင်သည်။ထိုသို့ဖိနှိပ်နေသောအခြေအနေတွင်
အင်တာနက်ဖြတ်တောက်ခြင်းကဲ့သို့စက်ပိုင်းဆိုင်ရာအနှောင့်အတားကြားမှတ်တမ်းတင်ခြင်းနှင့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းရန်သည် ကျိန်းသေပေါက် အန္တရာယ်ရှိပြီး စွန့်စားရသော စိန်ခေါ်မှုတရပ်ဖြစ်သည်။
အင်တာနက်ဖြတ်တောက်ထားသော်လည်း မှတ်တမ်းတင်သူများအနေနှင့် အရေးကြီးဗီဒီယိုများဖမ်းယူနိုင်ပြီး ထိုဗီဒီယိုအထောက်အထားများကို အော့ဖ်လိုင်း(offline) သို့မဟုတ် အွန်လိုင်း(online) ပြန်ရသည့်အချိန်တွင် မျှဝေခြင်း ပြုလုပ်နိုင်သည်။အော့ဖ်လိုင်း(offline)မှတ်တမ်းတင်ခြင်းအတွက်ဖုန်းကိုပြင်ဆင်(setup)ခြင်းလုပ်ဆောင်ရန်လိုအပ်ပါတယ်။ အကြပ်အတည်း ကျရောက်သည့်အချိန် မတိုင်မီ ဖုန်းအသုံးပြုခြင်းကိုအချိန်ယူ၍လေ့ကျင့်ထားပါ။အင်တာနက်ဖြတ်တောက်ချိန်သည်သတင်းအချက်အလက်များကိုတိုးမြှင့်ထိန်းချုပ်ထားသည့်အချိန်သို့မဟုတ်လွတ်လပ်စွာသဘောထားထုတ်ဖော်ခွင့်၊စုရုံးခွင့်များကိုကန့်သတ်ထားသည့်အချိန်များနှင့်တိုက်ဆိုင်နေတတ်သည်။သင်သည်မှတ်တမ်းတင်သူဖြစ်လျှင်မိမိကိုယ်ကိုသော်လည်းကောင်း၊မိမိ၏သတင်းအချက်အလက်များကိုသော်လည်းကောင်းအထူးသတိပြုကာကွယ်ရန်အချိန်ဖြစ်သည်။သက်ဆိုင်ရာအာဏာပိုင်များကသင့်ဖုန်းကိုသိမ်းယူနိုင်ခြေအလားအလာ၊ဖုန်းကိုမဖြစ်မနေunlockလုပ်ခိုင်းနိုင်ခြေ၊အကြောင်းအရာများကိုထုတ်ပြခိုင်းသောအခြေအနေများရှိလျှင်(အင်တာနက်ဖြတ်တောက်ချိန်၊အခြား)မှတ်တမ်းတင်ရန်အတွက်သီးသန့်ဖုန်းတလုံးသုံးရန်စစဉ်းစားပါ။
မှတ်တမ်းတင်ခြင်းကို အထူးပြု app များသည် လျှိူ့ဝှက်ထိန်းသိမ်းသော encrypted gallery များတွင်း သီးသန့် မှတ်တမ်းတင်ထားနိုင်ပြီး app ကို သုံး၍သာလက်လှမ်းမီနိုင်သောကြောင့်သင့်ဖုန်းကိုရှာဖွေစစ်ဆေးခြင်းခံရသောအခါ သိသာထင်ရှားမှုကို လျှော့နည်းစေသည်။ထိုgalleryများတွင်မှတ်တမ်းတင်သောအခါသီးသန့်လျှို့ဝှက်နံပါတ်passcodeလိုအပ်ပြီး သင့်ဖုန်း unlocked ဖြစ်သောအချိန်တွင်တောင် လျှိူ့ဝှက်ထိန်းသိမ်းမှု (encrypted) ဆက်လက်တည်ရှိနေမည်။






