# The Default BitLocker Encryption in Windows 11 24H2

Microsoft က device security ကိုမြင့်တင်ဖို့ Windows OS အသုံးပြုသူတို့ရဲ့ ဒေတာလုံခြုံရေးအတွက် လာမယ့် windows 11 update 24H2 version မှာ အသစ်ထည့်သွင်းထားသောစက်မှာ device တစ်ခုလုံးကိုပါ Microsoft account or Entra ID ဖြင့် automatically bitlocker features ကို On ခြင်း Off ခြင်း ပြုလုပ်နိုင်မှာဖြစ်တယ်လို့ပြောထားပါတယ်။

Bitlocker ကို On လိုက်ပါက Recovery Key ကို မမေ့မလျော့ သိမ်းဖို့လိုအပ်ပါတယ်၊ မိမိ bitlocker password မေ့သွားသော် recovery key ဖြင့် မိမိ၏ device ကို access ပြန်လုပ်လို့ရမှာဖြစ်ပါတယ်။ BitLocker recovery key ကို backup ပြုလုပ်ရန် Windows Start ခလုတ်ကိုနှိပ်ပြီး BitLocker ဟု ရိုက်ထည့်ပါ၊ ထို့နောက် Manage BitLocker Control Panel app မှာ recovery key ကို မိမိ backup လုပ်ချင်သောနေရာမှာသိမ်းထားဖို့လိုအပ်ပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1724941351438/9ee8ff79-a3c1-443e-8d15-86dc83e2986d.png align="center")

**Recovery Key အကြောင်း** [**Recovery key**](https://support.microsoft.com/en-us/windows/back-up-your-bitlocker-recovery-key-e63607b4-77fb-4ad3-8022-d6dc428fbd0d)

မိိမိ၏ device ပျောက်ဆုံးသွားသော် ဒေတာအချက်အလက်များကို ကာကွယ်ပေးသည့် အကျိုးကျေးဇူးများရှိသော်လည်း သာမန်အသုံးပြုသူအနေနဲ့ bitlocker default ဖြစ်နေတဲ့ ဒီ feature ကို ကြိုက်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆို recovery key မယူထားမိသော် တခုခုလွဲချော်ခဲ့သော် data ဆုံးရှုံးမူကိုဖြစ်စေတဲ့အတွက် data security မလိုတဲ့ သာမန် user တွေအတွက်စိုးရိမ်စရာပါပဲ။ ဒါမဲ့ မစိုးရိမ်ပါနဲ့ bitlocker default ဖြစ်နေတဲ့ ဒီ feature ကို အသုံးမပြုချင်ရင် bitlocker ကို disable လုပ်လို့ရပါတယ်။

နောက်ထပ် Tom's Hardware မှ လတ်တလော စစ်တမ်းတစ်ခုအရ Software အခြေခံ BitLocker ပြုလုပ်ခြင်းသည် Solid State Drives (SSD) များ၏ လုပ်ဆောင်နိုင်စွမ်းကိုလျော့ကျစေတယ်လို့လည်းပြောထားသောကြောင့် ဒီအချက်ကို စောင့်ကြည့်နေကြပါတယ်။ Microsoft ကဒီပြသာနာကိုအကောင်းဆုံးဖြေရှင်းပေးသွားမယ်ထင်ပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1724940181106/5e49d578-220b-4272-ab09-5bf682d1a401.webp align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1724940190030/9b557030-129a-4fbd-9598-b0c8a9e60333.webp align="center")

**အရင်က bitlocker ကို user ကပဲ manually လုပ်ပေးရတာပါ - ဒီမှာဖတ်**

[https://digitalsecinfo.com/bitlocker-device-encryption-in-windows](https://digitalsecinfo.com/bitlocker-device-encryption-in-windows)

Bitlocker ဆိုတာ Windows OS မှာပါတဲ့ build in tool တစ်ခုပါပဲ။ မိမိရဲ့ device ကို encryption လုပ်ပြီး သော့ခက်ထားလိုက်တဲ့သဘောပါပဲ။ မိမိစက်ပျောက်သော် အခိုးခံရသော် မိမိရဲ့ data ကို မိမိရဲ့ Key မထည့်ပဲ access မရနိုင်အောင် device and data လုံခြုံရေးအတွက် အသုံးပြုတဲ့ features တစ်ခုပါပဲ။

**Bitlocker သုံးပြီး မိမိရဲ့ data များလုံခြုံကြပါစေ။**

#digitalsecinfo
