# OSINT နှင့် Facebook

OSINT ရဲ့အရှည်ကောက်ကတော့ Open Source Intelligence ပါ။

OSINT ဆိုတာလွယ်လွယ်နဲ့ နားလည်အောင်ပြောရမယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာ လူအများမြင်တွေ့ရနိုင်တဲ့ သတင်းအချက်အလက် ဒေတာတွေကို စုဆောင်းပြီး သရုပ်ခွဲလေ့လာ ခွဲခြမ်းစိတ်ဖြာပြီး လူတွေကို အဖွဲအစည်းတွေနဲ့ Website တွေကို ပစ်မှတ် ထားပြီး ခြိမ်းခြောက်မှုတွေကို ပြုလုပ်တဲ့သဘောပါ။

Public ရနိုင်တဲ့ဒေတာဆိုတာကတော့ အွန်လိုင်းပေါ်မှာ လူတိုင်းမြင်ရအောင် လုပ်ထားတဲ့ဒေတာတွေကို ဆိုလိုပါတယ်။Social Media တွေပေါ်မှာ လူတိုင်းမြင်တွေ့နေနိုင်တဲ့ ( Public ဖြစ်နေတဲ့ ) ကိုယ်ရဲ့ အချက်အလက်တွေက Doxxing အလုပ်ခံရတဲ့ OSINT လိုခေါ်တဲ့ Open Source Intelligent နည်းပညာနဲ့ ရှာဖွေခံလိုက်ရတဲ့အခါမှာ ဘယ်လို အန္တရာယ်တွေဖြစ်စေနိုင်တယ်ဆိုတာကို သင်သိပါသလား ?

Facebook နဲ့ပက်သက်ပြီး ဘယ်လို Doxxing လုပ်နိုင်တယ် Facebook မှာလည်း Facebook Security and Privacy Setting ကိုချိန်ညှိထားသင့်ပါတယ်။

**Facebook ပေါ်မှာ သင်ပေးထားတဲ့ ဒေတာတွေက ဘာတွေဖြစ်မလဲ?**

Facebook လို့ပြောရင် အရမ်းကြီးစမ်းတဲ့ Platform တစ်ခုတော့မဟုတ်တော့ပါဘူး။လူတွေတော်တော်များများက ဆိုရှယ်မီဒီယာပေါ်မှာ မိမိတို့နဲ့သက်ဆိုင်တဲ့ ဒေတာတွေကိုမျှဝေလေ့ရှိကြပါတယ်။ ဒါ့အပြင် ဒီကာလာတွေမှာလည်း သတင်းအချက်အတွက် Facebook ကိုအားကိုးနေရတဲ့ Platform တစ်ခုဖြစ်နေပြန်ပါတယ်။

တစ်ခါတစ်လေကျရင် ကိုယ်အရေးမကြီးဘူးထင်ပြီး ပေးလိုက်တဲ့ဒေတာတွေ၊ ကိုယ်ပေးမိမှန်းမသိပဲ ပေးမိတဲ့ ဒေတာတွေ များစွာရှိနေတက်ပါတယ်။ ဥပမာ ဖုန်းနံပတ်တွေ၊ ကားနံပတ်တွေ၊ မှတ်ပုံတင်နံပတ်တွေ၊ မွေးသက္ကရာဇ်တွေ၊ အမှတ်မထင်တင်လိုက်မိသော လိပ်စာကဒ် ၊ဖိတ်စာ ၊မိတ်ဆက်စာများမှ နေရပ်လိပ်စာတွေဟာ အင်တာနက်ပေါ်မှာ သင်သတိမထားမိပဲ လူတကာရှာတွေ့နိုင်တဲ့ အချက်အလက်တွေဖြစ်နေနိုင်ပါတယ်။

ဒီလို ကိုယ်မထင်မှတ်တားပဲ နေရာတကာမှာပေးထားတဲ့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကိုယ်ကို ခြေရာခံဖို့ ကြိုးစားတာမျိုးတွေရှိနိုင်သလို အသုံးချခြင်းခံရတာမျိုးတွေလည်း လက်ရှိအခြေအနေမှာ များစွာ ဖြစ်ပျက်လျက်ရှိပါတယ်။

**ဒစ်ဂျစ်တယ်ခြေရာဆိုတာ ကျန်တက်တဲ့အမျိုးဖြစ်သောကြောင့် နေ့စဉ်ဘဝတွေမှာ ဘယ်သူမှ Social Media Platform တွေနဲ့ ကင်းကွာလို့မရနိုင်တာမို့ အနည်းဆုံး ကိုယ်သုံးနေတဲ့ Platform ရဲ့ Privacy Setting ကိုချိန်ညှိပြီးမှ သုံးသင့်ပါတယ်။**

ကိုယ့်အကောင့်ကို အတိုင်းအတာ တစ်ခုထိလုံခြုံအောင် အရင်ရေးထားတဲ့ Facebook Security အကြောင်းအရာတွေကို ပြန်သွားဖတ်ဖို့ပြောပါရစေ။

[https://digitalsecinfo.com/facebook-security](https://digitalsecinfo.com/facebook-security)

[https://digitalsecinfo.com/about-facebooks-location-tracking](https://digitalsecinfo.com/about-facebooks-location-tracking)

* **Adjust Your Personal and Account Infos**
    
    Facebook Profile - Setting & Privacy - Account - Personal & Account Infos တစ်ခုချင်းစီဝင်ပြီး Only me လုပ်ထားသင့်ပါတယ်။
    
* **Limit the audience for your personal posts**
    
    Post မတင်မီ စဉ်းစားပြီးမှ တင်ပါ။(Only me or Friend Or Public)
    
* **Clean up your friend list**
    
    မိမိနဲ့ အပြင်မှာ တကယ်မသိသောသူများကလည်း တိတ်ဆိတ်စွာ စောင့်ကြည့်ခြေရာခံတာတွေဖြစ်လာတက်သောကြောင့် Friend list ကိုလည်းချိန်ညှိထားသင့်ပါတယ်။
    
* **Hide your location**
    
    Facebook Profile - Setting & Privacy - Setting - Permission - location & service - allow လုပ်ထားတာဆိုပိတ်ထားပါ၊ upload contact ကိုလည်းပိတ်ထားပါ။
    

**Facebook ကိုလုံလုံခြုံခြုံ အသုံးပြုနိုင်ကြပါစေ။**

#Ref : springsecurity #digitalsecinfo
