# Officially Signal  has been banned in Myanmar

Signal ကို စတင် Ban လိုက်ပါပြီ။ VPN မပါဝင်ပဲ Signal ကိုအသုံးပြုလိုမရတော့ပါဘူး။ ဒါပေမယ့် VPN မပါဝင်ပဲ Signal ကို လုံခြုံစွာ အသုံးပြုလိုရတဲ့နည်းတော့ရှိပါတယ်။ Signal ရဲ့ Setting ထဲကိုဝင်ပြီး Signal ရဲ့ Proxy ကျော်လိုရတဲ့ Function လေးကိုသွားရောက်ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။

Signal ဟာ လက်ရှိသုံးနေတဲ့ ဆက်သွယ်ရေးပလက်ဖောင်းတွေထဲမှာ အလုံခြုံဆုံးပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ Signal မှာ End to End encryption လို့ခေါ်တဲ့ လုံခြုံတဲ့ ဝှက်စာစနစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် signal message များကို အစွန်းနှစ်ဖက်က ဖုန်းတွေ၊ ကွန်ပျူတာတွေ လုံခြုံသရွေ့ ကြားဖြတ်ဖတ်ရှုနိုင်မှာ မဟုတ်ပါဘူး။

လက်ရှိ Signal ကိုမြန်မာနိုင်ငံမှာ အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါပြီ။ ၂၀၂၄ ဇူလိုင်လ ၁၅ ရက်နေ့ကစတင်ပြီး signal ကို VPN မပါပဲ အသုံးပြုလို့ မရတော့ပါဘူး။ သို့သော်လည်း signal မှာ ကိုယ်ပိုင် Proxy Setting ပါဝင်တာကြောင့် VPN မရှိသော်လည်း Signal ရဲ့ Proxy Setting ကိုဖွင့်ပြီး အသုံးပြုနိုင်ပါသေးတယ်။

**Setting - Privacy - Advanced ထဲမှာ Censorship Circumvention ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။**

![](https://cdn.hashnode.com/res/hashnode/image/upload/v1724564538474/713c6f42-d4af-4215-b156-85febaad5ebd.jpeg align="center")

ဖုန်းထဲမှာ VPN ဖွင့်ထားပြီး ၎င်း VPN ကအလုပ်လုပ်နေပြီး အဆင်ပြေနေတယ်ဆိုရင်တော့ Censorship Circumvention ကိုဖွင့်လို့ရမှာဟုတ်ပါဘူး။

VPN အလုပ်မလုပ်တဲ့ အရေးပေါ်အခြေအနေမှာ Signal ဆက်လက်အသုံးပြုနိုင်ဖို့ဖြစ်ပါတယ်။

နောက်ပြီး **Always relay call ကိုဖွင့်ထားခြင်းအားဖြင့် ကိုယ့် IP Address ကို ဖုန်းခေါ်ဆိုချိန်မှာ မပေါ်အောင်ဝှက်ထားနိုင်ပါတယ်နော်။**

### **Signal က ဘာဒေတာတွေကိုသိမ်းထားလဲ ?**

**၂၀၂၁ ခုနှစ်မှာ Signal ဆီက အသုံးပြုသူဒေတာတွေကို အမေရိကန်တရားရုံးတစ်ခုမှတောင်းဆိုခဲ့ပါသည်။ Signal ရဲ့ အလုပ်လုပ်ပုံအရ အကောင့် Register စတင်ပြုလုပ်ချိန်နှင့်နောက်ဆုံး Signal Server ကိုချိတ်ဆက်ခဲ့တဲ့ အချိန်ကိုသာ တရားရုံးကို တင်ပြနိုင်ခဲ့ပါတယ်။**

![](https://cdn.hashnode.com/res/hashnode/image/upload/v1724564544635/4bd2b5a0-d1ab-4240-a6be-6fe2b0f1c70a.jpeg align="center")

**How to use Signal**

[https://ssd.eff.org/module/how-to-use-signal](https://ssd.eff.org/module/how-to-use-signal)

Ref:SpringRevSecurity
