# How to stop unwanted promotional emails

မိမိရဲ့ အီးမေးလ်မှာ မလိုလားအပ်သော ပရိုမိုးရှင်းအီးမေးလ်များကို အီးမေးလ်များကို ဘယ်လို ပိတ်မလဲ ?

**မလိုလားအပ်သော ပရိုမိုးရှင်းအီးမေးလ်တွေကို ဝင်ပြီး တခုချင်းစီမှာ unsubscribe ဝင်လုပ်ပြီး ပိတ်နည်း။**

Inbox မှ Primary or Social or Promotions တွင် မိမိပိတ်မည့် အီးမေးလ်ကိုဖွင့်လိုက်ပါ Unsubscribe ကိုနိုပ်ပါ Unsubscribe ကိုနိုပ်ပြီးပါက အတည်ပြုမှာလားဆို အတည်ပြုပေးလိုက်ပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1686206733421/eb3fc642-b529-4e12-9d5f-e222d90fbabc.png align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1686206744704/10c8cd30-79f8-4f38-8a85-a83a7ea5b263.png align="center")

## **How To Create Gmail Filters for Subscriptions**

**မလိုလားအပ်သော ပရိုမိုးရှင်းအီးမေးလ်တွေကို Filter သုံးပြီး unsubscribe လုပ်ပြီး ပိတ်နည်း။ Filter တစ်ခု တည်ဆောက်ခြင်း**

![](https://cdn.hashnode.com/res/hashnode/image/upload/v1686207003981/9c35af54-acaa-4a78-b335-de05af92b5ed.png align="center")

Search Criteria တစ်ခု ထည့်ပြီးသည် နှင့် Create filter ကို နှိပ်ပါ။

၎င်း Search Criteria နှင့် ကိုက်ညီသော အီး‌မေးလ်တစ်စောင် ဝင်လာသည် နှင့် သင်ပြုလုပ်လိုသော Action တစ်ခု ကို ရွေးပါ။

Create filter ကို နှိပ်ပါ။

Skip the inbox ဆိုပါက ၎င်း Filter နှင့် ကိုက်ညီသော အီး‌မေးလ်ဝင်လာပါက Inbox သို့ဝင်လာမည် မဟုတ်ပဲ All mail သို့ ရောက်သွားပါလိမ့်မည်။

Mark as read ဆိုပါက အမြဲတန်း ဖတ်ပြီးသား အီး‌မေးလ်အနေဖြင့်ရောက်ရှိနေမည် Star it ဆိုပါက ဝင်လာသည်နှင့် ကြယ်ပြပြီး ဖြစ်နေပါလိမ့်မည်။

Apply the label ဆိုပါက သင်ကြိုက်နှစ်သက်ရာ အမည် ဖြင့် Label အောက်တွင် ရှိနေလိမ့်မည်။

Forward it ဆိုပါက ဝင်လာသည်နှင့် သင့် Forwarding address သို့ တန်းပို့ပေးပါမည်။

Delete it ဆိုပါက ဝင်လာသည် နှင့် ဖျက်ပြီး ဖြစ်နေပါမည်။

**Skip the inbox ဆိုပါက အမှန်ခြစ်ပြီး   label ပေးထားပြီးမှ Unsubscribe Label ကို Filter မှာ သွားရောက်ဖျက်နည်း။**

![](https://cdn.hashnode.com/res/hashnode/image/upload/v1686208161135/ff62f09f-5c45-489b-9d51-207062ef9d15.png align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1686279480675/e6c3e9cc-c05d-43a2-9809-60ea444aeb22.png align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1686279593100/6dc89253-87f1-4415-a802-1edd28e32a0a.png align="center")

### See All Settings ရဲ့ Filters and Blocked Adresses မှာ ကို Label ပေးထားသော ကိုယ်ထည့်ထားသော Unsbscribe mails များကိုတွေ့မြင်ရပါလိမ့်မည်၊ Select All or Select ပေးပြီး Delete နိုပ်ပြီးဖျက်နိုင်ပါသည်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1686207127915/343d5dda-66e8-4644-a89a-3c7bc3034504.png align="center")

**Delete it Options ကိုရွေးချယ်ပြီး ဖျက်နည်း**

![](https://cdn.hashnode.com/res/hashnode/image/upload/v1686207166192/09016438-4e2f-4412-bad3-8f8ce0c45798.png align="center")

Delete it ဆိုပါက ဝင်လာသည် နှင့် ဖျက်ပြီး ဖြစ်နေပါမည်။
