လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီက မေလ ၃၀ ရက်နေ့မှစတင်ပြီး VPN များကို အသုံးမပြုနိုင်ရန် Secure Web Gateway ဖြင့် ပိတ်ပင်လိုက်ကြောင်း၊ သို့ရာတွင် VPN များအားလုံးကို မပိတ်နိုင်သလို ပြည်သူများကလည်း သတင်းစီးဆင်းမှုအတွက် Facebook ကိုအားထားပြီး ဆက်လက်အသုံးပြုနေရပါတယ်။
စစ်ကောင်စီကလည်း VPN များအသုံးပြုလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိလည်းကောင်း၊ ငွေဒဏ်ကိုလည်းကောင်း ချမှတ်နိုင်သော ဥပဒေကို မကြာမီအတည်ပြုကြေညာရန် ရှိနေသလို လက်ရှိအခြေအနေတွင်လည်း Facebook ကို ခိုးသုံးရမယ့် အခြေအနေ နှင့် VPN များ ပါ/မပါ စစ်ဆေးမှုများရှိလာတယ်လို့ ကြားသိရတဲ့အခြေအနေမှာ iOS User များအတွက် Apple က iOS 18 ကို လွန်ခဲ့တဲ့ရက်ကမိတ်ဆက်လိုက်တဲ့ Features များထဲကတစ်ခုဖြစ်သော app တစ်ခုခြင်းစီကို Face ID နဲ့ Lock ချထားလို့ရတဲ့ Feature တစ်ခုပါရှိလာပါတယ်။ ထိုအချက်ကိုပဲပြောပြပေးသွားပါမယ်။
iOS 18 မှာ App တွေကိုဘယ်လို Lock ချမလဲ? Home Screen ကနေ ဘယ်လိုဖျောက်ထားမလဲ?
App တစ်ခုခြင်းစီကို Face ID နဲ့ Lock ချမယ်ဆိုရင် မိမိ iPhone or iPad ကို iOS 18 update ဖြစ်ရပါမည်။ လက်ရှိ iOS 18 official version မဟုတ်သေးပါ beta version ပဲပေးပါသေးတယ်။
Social Media App ဆိုပါတော့ ကိုယ် Lock ချချင်သော app icon ပေါ်မှာ ကြာကြာဖိထားပြီး "Require Face ID" ကိုရွေးပါ သို့မဟုတ် Home Screen ပေါ်ကနေပါဖျောက်ထားချင်တယ်ဆိုရင် "Hide & Require Face ID" ကိုရွေးပေးပါ။
ကိုယ် Lock & Hide လုပ်လိုက်တဲ့ App ကို iOS ရဲ့ search box ကနေလည်း ရှာလို့ရမှာ မဟုတ်တော့ပါဘူး။ Hide ထားတဲ့အတွက် Noti လည်းတက်မှာ မဟုတ်ပါ။
Lock & Hide လုပ်ထားတဲ့ App ကို App Library မှာဝင်ကြည့်လို့ရပါမယ်။
(System app တချို့ကိုတော့ Lock ချလို့ရမှာ မဟုတ်ပါနော်)
App တွေ Hide ပြီးပြန်မဖော်တက်တော့ဘူးလား? :P
ကိုယ် Lock & Hide လုပ်လိုက်တဲ့ App ကိုပြန်ဖော်မယ်ဆိုရင်တော့ Hidden Folder ထဲမှ မိမိပြန်ဖော်ချင်တဲ့ app ပေါ်ကြာကြာဖိထားပြီး " Don't Require Face ID" ကိုပြန်ရွေးပေးလိုက်ရင်ရပါပြီ။
ကန့်သတ်မှုတွေနဲ့ VPN ကို မဖြစ်မနေ အသုံးပြုကြရပြီး VPN များ ပါ/မပါ စစ်ဆေးမှုအတွက် ဒီနည်းက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုတော့မဟုတ်ပါဘူး။ Hide နည်းရှိရင် unhide နည်းလည်းရှိတာမို့ အကောင်းနည်းကတော့ VPN တွေကို မိမိဖုန်းမှာ uninstall လုပ်သွားတာအကောင်းဆုံးပါပဲ။ လုံခြုံစိတ်ချရတဲ့ နေရာရောက်မှ ပြန်လည်ထည့်သွင်းခြင်းများလုပ်ဆောင်သင့်ပါသည်။ ဖုန်းတိုင်းအတွက် ပေးထားသော ရိုးရှင်းတဲ့ Maintenance Mode ကိုဖွင့်ပြီးလည်း လုပ်ဆောင်သွားနိုင်ပါတယ်။
Maintenance Mode အကြောင်း ဒီမှာဖတ်။ https://digitalsecinfo.com/privacy-and-data
iOS ဖုန်းတွေမှာ Hide လုပ်ရန် နည်းလမ်းတစ်သမတ်တည်းရှိပေမယ့် Android ဖုန်းများမှာတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး App Library နေရာ ကွဲပြားနိုင်ပါတယ်။
iOS 18 preview link :https://www.apple.com/ios/ios-18-preview/
အားလုံးပဲ လုံခြုံကြပါစေလို့ ..မျှော်လင့်ရင်း...
#digitalsecinfo