# How to create v2ray(vless) using cloudflare workers ( serverless )

လက်ရှိအခြေအနေတွင် VPN နှင့်ချိတ်ဆက်၍ မရသောကြောင့် VPN ပေါင်းများစွာကို Download ဆွဲ၍ အသုံးပြုနေရသည့် အနေအထားဖြစ်နေပါတယ်။

ဒီချိန်မှာ လူတိုင်းက ဟိုဟာလေးရတယ် ဒီဟာလေးကောင်းတယ်ဆိုပြီး အချင်းချင်း ညွှန်းဆိုနေကြတာတွေလဲ အခြေအနေအရ ရှိနေတာမို အထူးသတိပေးလိုတာက တွေ့ကရာ VPN တိုင်းကို Download ဆွဲတာမျိုးနဲ့ လူတိုင်းလိုအပ်နေတာကို အသုံးချပြီး မသမာတဲ့လူတွေက VPN ဆိုပြီးချပေးတဲ့ Link တွေကို အလွယ်တကူ မနှိပ်ဖို့ လိုအပ်ပါတယ်။

တစ်ချို Online ပေါ်က VPN တွေဟာ Trojanတွေလို ခေါ်တဲ့ ဖုန်းအတွင်း ဟန်ဆောင် ဝင်ရောက်လာတဲ့ အဖျက်ဗိုင်းရက်စ် Application တွေ ဖြစ်နေတတ်ပါတယ်။

ကန့်သတ်မှုတွေကြောင့် VPN ကို မဖြစ်မနေ အသုံးပြုကြရတဲ့အခါမှာ အလုပ်လုပ်တဲ့ VPN ရှာဖွေတဲ့အခါမှာ စိတ်ချရတဲ့ VPN တွေကို ရွေးချယ်အသုံးပြုတတ်ဖို့ လိုအပ်လာတဲ့အခါ premium vpn တစ်ခုခုကို ဝယ်သုံးနိုင်သလို မိမိ email အကောင့်တစ်ခုရှိရုံနဲ့ Cloudflare မှာ ကိုယ်ပိုင် Key နဲ့ v2ray(vless) VPN တစ်ခုလုပ်ပြီး free သုံးလို့ရတဲ့နည်းပြောပြပေးသွားပါမယ်။

Cloudflare အကောင့်ရှိရပါမည်။

မရှိပါက [https://dash.cloudflare.com/sign-up](https://dash.cloudflare.com/sign-up)

အကောင့်လုပ်ပါ။ Cloudflare အကောင့်ဝင်ပြီးပါက

Cloudflare မှာ Wokers နဲ့ v2ray(vless) လုပ်နည်း video ကြည့်ရန် : [https://youtu.be/yN2-DdkGQzg](https://youtu.be/yN2-DdkGQzg)

<iframe width="560" height="315" src="https://www.youtube.com/embed/yN2-DdkGQzg?si=67Fe1DMtUb37JYNg"></iframe>

* Worker & Pages - Create - Create Worker - ကြိုက်တဲ့နာမည်ပေးပါ -Save - Finish - Continue to Project - Edit Code ကိုနိုပ်ပြီး မူရင်းပါတဲ့ code တွေကိုဖျက်လိုက်ပါ။
    
* မိမိကွန်ပျုတာ Windows Search box မှာ PowerShell ကို Run as Administrator ဖြင့် ဖွင့်ပြီး
    

CMD : **Powershell -NoExit -Command "\[guid\]::NewGuid()"**

ဆိုပြီး run ပေးလိုက်ရင် ID တစ်ခုရလာပါလိမ့်မယ်။ အဲ ID ကို Notepad မှာ Copy ကူးထားလိုက်ပါ။

* Config လုပ်ဖို့အတွက် Github link မှာတင်ပေးထားတဲ့ code သွားယူပါ။
    

Config: [https://github.com/rexbuu/Vpn4All/blob/main/\_worker.js](https://github.com/rexbuu/Vpn4All/blob/main/_worker.js)

ဒီ link ရဲ့ code ကို copy ယူထည့်လိုက်ပါ။

Powershell ကနေရတဲ့ ID ကို အစားထိုးထည့်ပြီး deploy လုပ်လိုက်ပါ။

VPN အတွက် Key တစ်ခုရပါပြီ။ ထို Key အား မိမိရဲ့ v2ray မှာ manual config လုပ်ရပါမည်။ Config လုပ်ပြီးပါက Slide to connect ဖြင့် VPN အသုံးပြုလို့ရပါပြီ။

**Android Used app : V2rayNg iOS app : V2box**

**You can also use V2box on iOS.**

**Click ( + ) &gt; Add manual configuration &gt; vless**

**Avg download speed : 100Mbps**

**Avg upload speed : 20Mbps Recommendation :**

**1 account should be used only for 1 user**

Account တခုကို daily request 100,000 ရပါမယ်။ အကောင့်ကနေ ကီး ၂ ခုထုတ်ထားတယ်ဆို Request 100,000 ကို နှစ်ခုမျှသုံးရပါမယ်။

#Ref: [https://github.com/rexbuu](https://github.com/rexbuu/Vpn4All/blob/main/_worker.js) (TNW) #digitalsecinfo
