# Brave Browser Setting ချိန်ညှိနည်း

လုံခြုံဖို့အတွက် Setting တွေသည် ပြင်ဆင်ပြီးသားပေမယ့် တစ်ချို့အရေးကြီးတဲ့ Setting တွေကိုလည်းဝင်ရောက်ချိန်ညှိဖို့လိုပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1709445054784/4048e0f7-2d15-4899-8b7a-e899a8d6039c.webp align="center")

ညာဘက်ထောင့်မှာရှိတဲ့ **Control Bar** ကိုနှိပ်၍ ခြေရာလက်ရာမကျန်တဲ့ ရှာဖွေမှုတွေလုပ်ဆောင်တဲ့အခါ Brave မှာပါဝင်တဲ့ Private Window ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီးသွားလို့ ပိတ်လိုက်တဲ့အခါ Browsing Data, History တွေအားလုံးကို တစ်ခါတည်းရှင်းပေးပါတယ်။

**Private Window with Tor** ကိုအသုံးပြုမယ်ဆိုရင်တော့ ကိုယ်ဝင်ရောက်တဲ့ Website တွေကနေ ကိုယ့်ရဲ့ IP Address အစစ်အမှန်ကိုပါ မမြင်ရအောင် ဖျောက်ပေးထားနိုင်ပါတယ်။ကိုယ့်ဧရိယာအတွင်း ပိတ်ပင်ထားတဲ့ Website တွေကိုပါ ဝင်ရောက်အသုံးပြုလို့ရနိုင်ပါတယ်။

Shields ထဲကိုဝင်ကြည့်ပါ။ ခြေရာခံသူတွေနဲ့ ကြော်ငြာတွေကို Block လုပ်ပေးတဲ့ Setting တွေဖြစ်ပြီး အများစုကိုလုံခြုံတဲ့ Default Setting အဖြစ်ထည့်ပေးထားပါတယ်။ Tracker and ads blocking မှာ Standard ကနေ Aggressive အဖြစ် ပြောင်းပေးထားခြင်းက ကြော်ငြာတွေနဲ့ ခြေရာခံတဲ့သူတွေကို ကာကွယ်ပေးတဲ့ အတိုင်းအတာက ပိုမိုမြင့်မားသွားပါလိမ့်မယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1709445259456/312729a9-a60e-4d95-80a2-31f8561edb9c.webp align="center")

### **Block Fingerprinting**

**Block Fingerprinting** ကိုလည်း Standard ကနေ Strict, may Break sites ကိုရွေးချယ်ထားပါ။ ကိုယ့်ရဲ့ အချက်အလက်တွေကို စုစောင်းနေခြင်းကိုကာကွယ်ပေးတာကြောင့် စိတ်မချရတဲ့ Website တွေကို ဝင်ရောက်တဲ့အခါမှာ ဝင်ခါနီးသတိပေးတာ၊အန္တရာယ်များတဲ့ အကြောင်းအရာတွေကို ဖယ်ရှားပေးထားတာမျိုးတွေရှိနိုင်ပါတယ်။ Block Cookies မှာတော့ ကိုယ် Block ချင်တဲ့ Cookie တွေကို ရွေးချယ်ပြီး Block လုပ်ထားနိုင်ပါတယ်။ All ကိုရွေးထားရင်တော့ လာရောက်တောင်းဆိုတဲ့ Cookie မှန်သမျှကို Block လုပ်ပေးထားမှာဖြစ်ပါတယ်။

ရှာဖွေမှုတွေပြုလုပ်တဲ့အခါ ဖြတ်သန်းစီးဆင်းတဲ့ လမ်းကြောင်းကို ပိုမိုလုံခြုံစေရန် Upgrade connection to HTTPS ကိုဖွင့်ထားပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1709446452919/2058e0d1-969d-4173-861d-ec3e4089c38e.jpeg align="center")

### **Social media blocking**

Google နဲ့ Facebook Login တွေကို ရှောင်ချင်ရင်တော့ Allow google login buttons on third party sites နဲ့ Allow Facebook logins and embedded posts ကို ပိတ်ထားပါ။ Linkedin နဲ့ Twitter Website တွေမှာ တွဲကပ်ထားတဲ့ Content တွေကို မမြင်ချင်ဖူးဆိုရင်တော့ Allow Twitte embedded tweers Allow Linkedin embedded posts ကိုပိတ်ထားပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1709447907696/a9f1301a-bb72-445f-b54f-04b40b8d1597.webp align="center")

### **Privacy and Setting**

**clear browsing data** ကနေ တစ်ဆင့် browser အသုံးပြုစဉ်အတွင်း သိမ်းဆည်းထားတဲ့ browsing history , download history, cookie file, cache file တို့လို browsing data တွေကို ရှင်းပစ်နိုင်ပါတယ်။ On Exit မှာတော့ ချက်ချင်းဖျက်ပစ်လိုက်တာမျိုးမဟုတ်ပဲ browser ကို ပိတ်လိုက်တာနဲ့ ဖျက်ပစ်ပေးမှာပါ။ ရှင်းပစ်ချင်တဲ့ browsing data အမျိုးအစားတွေကို ရွေးချယ်ပြီး save နှိပ်ထားခဲ့နိုင်ပါတယ်။

**cookies and other site data** ထဲက general setting ကနေ block third party cookies ကိုရွေးချယ်ထားပါ။ clear cookies and site data when you close all windows ကိုဖွင့်ထားမယ်ဆိုရင်တော့ window ပိတ်လိုက်ပြီဆိုတာနဲ့ သိမ်းထားတဲ့ cookie, site data တွေကို အလိုအလျောက် ဖျက်ပစ်ပေးပါလိမ့်မယ်။

**Do not Track Request** ကိုဖွင့်ထားခြင်းက ကိုယ်သွားရောက်တဲ့ website တွေကို ကိုယ့်ကို ခြေရာခံတဲ့ cookie တွေ အသုံးမပြုဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။ သို့ပေမယ့် အများစုကတော့ တောင်းဆိုမှုကို လျစ်လျုရှုပစ်တက်ကြတဲ့အတွက်တော့ သေချာပေါက် အာမခံပေးထားတဲ့ setting တစ်ခုမဟုတ်ပါဖူး။

![](https://cdn.hashnode.com/res/hashnode/image/upload/v1709447635616/c44a95dc-35a0-491c-bc7f-a03bd9d084a1.png align="center")

### **Autofill**

**Password** တွေ မသိမ်းထားအောင် Passwords ထဲကိုဝင်ရောက်ပြီး Offer to save passwords နဲ့ Auto Sign-in ကိုပိတ်ထားပါ။ Payment Method တွေကိုလည်း မမှတ်ထားအောင် Save and full payment methods နဲ့ Allow site to check if you have payment method saved ကိုပိတ်ထားပေးပါ။ Address and moe ထဲကနေလည်း Save and fill address ကိုပိတ်ထားပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1709450702902/f2615d40-2519-4635-962f-7261a59ac0a1.png align="center")

စတဲ့ Brave privacy setting ကိုချိန်ညှိ စမ်းသုံးကြည့်ပါလို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

[https://browserhow.com/brave/](https://browserhow.com/brave/)

[https://support.brave.com/hc/en-us](https://support.brave.com/hc/en-us)

**Ref&CC: Spring Revolution Security**
